“အနာဂတေ သာသနံ လဇ္ဇီ ရက္ခိဿတိ” ဟူသော အဋ္ဌာကထာစကားနှင့်အညီ မြန်မာနိုင်ငံ၏ အနာဂတ်သာသနာ့တာဝန်ကို ပုခုံးပြောင်းကာ ဦးဆောင်ဦးရွက်ပြုတော်မူကြမည့် ရဟန်းတော် အရှင်မြတ်‌များသည် စာပေပရိယတ္တိအရာတွင် နှံ့စပ်ကျွမ်းကျင်တတ်မြောက်ရုံသာမက ဝိနည်းပဋိပတ်အရာတွင်လည်း ကျွမ်းကျင် နိုင်နင်းသည့် သာသနာ့အာဇာနည်အလောင်းအလျာရှင် ရဟန်းကောင်းများ ပေါ်ထွန်းလာစေရန်အတွက် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလအသင်းကြီးကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင် တောရကျောင်း (မြို့တော်ဝန်ကျောင်း)၌ စတင်ဖွဲ့စည်းအကောင်အထည်ဖော်‌ဆောင်ရွက်လျက် ရှိပါသည်။

 

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါသအသင်းသည် ဝိနယဂုရုက လဇ္ဇီပေသလသိက္ခာကာမ အရှင်မြတ်များ တိုးပွားလာရေးအတွက် အဘိဝိနယာစရိယစာတော်ပြန်ပွဲကို နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်တွင် ပဉ္စမအကြိမ်မြောက် ကျင်းပမည်ဖြစ်ပါသည်။ စာတော်ပြန်ပွဲတွင် ဝိနည်း (၅) ကျမ်း၊ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့ကို ကျမ်းစာအုပ်ဖွင့်စနစ် (Open Book Examination System) ဖြင့် မေးမြန်းခြင်း၊ အာဂုံရေးဖြေမေးမြန်းခြင်းနှင့် ဝိနည်းလက်တွေ့ကျင့်သုံးမှုကို စိစစ်အကဲဖြတ်မေးမြန်းပါသည်။ ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်ဟူ၍ အဆင့်အလိုက် စာမေးပွဲများရှိရာ စာမေးပွဲအောင်မြင်ပါက အောင်လက်မှတ်များ ဆက်ကပ်ပါသည်။ တတိယအဆင့် ပြီးမြောက်ပါက ကျမ်းစာတစ်အုပ်ရေးသားတင်သွင်းရပါသည်။ ထို့နောက် ကျမ်းစာဖတ်ကြားပြီးပါက အဘိဝိနယာစရိယဘွဲ့ တံဆိပ်တော်ကို အပ်နှင်းပါသည်။

 

         ပဉ္စမအကြိမ်မြောက် အဘိဝိနယာစရိယ စာတော်ပြန်ပွဲကို အောက်ပါအတိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်-

သို့ဖြစ်ပါ၍ ပဉ္စမအကြိမ်‌မြောက် စာတော်ပြန်ပွဲ ကျင်းပခြင်းနှင့် အဘိဝိနယာစရိယဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းခြင်းအတွက် လာရောက်ကြ ည်ညိုနိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။