ရန်ကင်းတောရဆရာတော်သည် ပြင်ဦးလွင်မြို့ သိမ်အင်းကျေးရွာတွင် သီတင်းသုံး နေတော်မူပြီး “ဘ၀နှင့် ပဋ္ဌာန်းတရားတော်” ကျမ်းစာအုပ်ကို ရေးသား ပြုစုတော်မူနေပါသည်။

“နေပြည်တော်မှာရေးနေတာ ခြောက်လကျော်သော်လည်း စာအုပ်မပြီးနိုင်ခဲ့ဘူး၊ ဒီမှာက အလုပ် တော်တော်လေး ခရီးရောက်ပါတယ်။ စာမူကြမ်း အပြည့်အ၀ပြီးပြီ။ ဘုန်းကြီး အခု စာမူ စစ်နေတယ်၊ ကျမ်းညွှန်းစာရင်းလည်း ပြုစုနေတယ်။  နိဒါန်းရေးဖို့၊ အမှာစာရေးဖို့နှင့် နောက်ဆက်တွဲ စာညွှန်းတွေထည့်ဖို့လောက်ပဲ ကျန်ပါတော့တယ်” ဟု ကျမ်းစာအုပ် အခြေအနေကို မိန့်တော်မူပါသည်။

ပဋ္ဌာန်းဆရာကြီး ဦးအုန်းကျော်ကလည်း စာအုပ်ပြီးစီးရေးအတွက် ဆရာတော်ကို အနီးကပ် ကူညီပေးနေပါသည်။ ပြင်ဦးလွင်မှ ဒကာ ဒကာမများက မနက် ၇း၀၀ နာရီမှာ ဆွမ်းကပ်လှူခွင့် ရနေကြပါသည်။ ကပ္ပိယ ကိုကျော်ဇင်ဟိန်းကလည်း ဝေယျာဝစ္စကုသိုလ်အပြင် ကွန်ပြူတာဆိုင်ရာ ကိစ္စတွေမှာ ဆရာတော်၏ ကျမ်းပြုစုရေးကို အနီးကပ် ကူညီပြီး ပါရမီကုသိုလ် ရယူနေပါသည်။

ရုံးခန်းမှဆရာလေးများ

ရန်အောင်မြင်တောရ (မြို့တော်ဝန်ကျောင်း)

ရက်စွဲ  ၂၀၂၀ ပြည့် မေလ (၁၇)ရက်

 

Loading

By admin