မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းတွင် သင်တန်းသား၊ သင်တန်းသူများက စာသင်ခုံများအားသိမ်းဆည်းခြင်း၊ ကျောင်းတွင်းစုပေါင်းသန့်ရှင်းရေးလုပ်ခြင်း၊ အခမ်းအနားကို ပြင်ဆင်ကခြင်းများ လုပ်ကြပါသည်။ သင်တန်းကို နေ့လည် ၁ နာရီအချိန်တွင် ဆရာတော် ဦးစန္ဒိမာက အဖွင့်ဩဝါဒစကားမိန့်ကြားတော်မူပြီး၊ သင်ကြားရေးမှုးဆရာမကြီး ပါမောက္ခ (ငြိမ်း) ဒေါက်တာရွှေမာသန်းက သင်တန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် လျှောက်ထားပါသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများက ကျေဇူးတင်စကားလျှောက်ထားကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” ၃ ကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။