မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလအသင်းက ကြီးမှူးကျင်းပသည့် အဋ္ဌမအကြိမ်မြောက် အဘိဝိနယာစရိယစာတော်ပြန်ပွဲကို ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန်ကျောင်း)တွင် ဇွန်လ(၁၅) ရက်မှ (၂၀)ရက် အထိ ၆ ရက်တိုင်တိုင် ကျင်းပလျက်ရှိပါသည်။
အဆိုပါ စာတော်ပြန်ပွဲသို့ နယုန်လကွယ်နေ့ ဥပုသ်ပြုအမီ စာဖြေသံဃာတော်များ ကြွရောက်တော်မူကြရပါသည်။ ညနေ ၄း၀၀ နာရီခန့်လောက်တွင် စာဖြေသံဃာတော်များ ကျောင်းတိုက်သို့ ရောက်ရှိလာကြပြီး သက်တော်ရှည်ဆရာတော်ကြီးများဖြစ်ကြသော ပျော်ဘွယ်မြို့၊ သာသနာ့ဝန်ဆောင်ကျောင်းဆရာတော်ကြီး၊ အေးချမ်းသာယာဆရာတော်ကြီး၊ ရန်ကင်းဆရာတော်ကြီး၊ ဓမ္မဝိနယဆရာတော်နှင့် စာဖြေကြားမည့် သံယာတော် ၁၃၂ ပါး၊ စာစစ်ဆရာတော် ၂၀ ပါး၊ ကျောင်းတိုက်ရှိ သံဃာတော် ၁၅ ပါး တို့သည် သီလဝိသောဓနီသိမတော်ကြီး၌ ဥပုသ်ပြုတော်မူကြပြီး ပျော်ဘွယ်မြို့၊ သာသနာ့ဝန်ဆောင်ကျောင်း ဆရာတော်ကြီးဦးဆောင်တော်မူပြီး စုပေါင်းမေတ္တာပို့သစ္စာဆိုခဲ့ကြပါသည်။






























အောက်ပါ link မှ download ရယူနိုင်ပါသည်
အဋ္ဌမအကြိမ်မြောက် အဘိဝိနယာစရိယစာတော်ပြန်ပွဲ (0 downloads )

































