ဇွန်လ ၂၀ ရက်၊ စနေနေ့ နံနက် (၇:၃၀) နာရီအချိန်၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန်ကျောင်း)၊သီလဝိသောဓနီသိမ်တော်၌ ကျင်းပအပ်သော အဋ္ဌမအကြိမ် အဘိဝိနယာစရိယစာတော်ပြန်ပွဲ ဆုနှင်းသဘင် အခမ်းအနား ကို ကျင်းပခဲ့ပါသည်။ စာဖြေသံဃာများထဲမှ ပထမအဆင့် ၃၆ ပါး၊ ဒုတိယအဆင့် ၉ ပါးနှင့် တတိယအဆင့် ၃ ပါး အသီးသီးအောင်မြင်တော်မူခဲ့ကြပါသည်။ အဆိုပါ ဆုနှင်းသဘင်အခမ်းအနားတွင် ကြွရောက်တော်မူလာကြသည့် အေးချမ်းသာယာဆရာတော် ဘုရားကြီး ဦးဆောင်တော်မူသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များမှမေတ္တသုတ်ပရိတ် တရားတော် ရွတ်ဆိုချီးမြှင့်တော်မူခြင်း၊ အေးချမ်းသာယာဆရာတော်ကြီးထံမှ ဧည့်ပရိသတ်များကငါးပါးသီလခံယူဆောက်တည်ခြင်း၊ ရန်ကင်းဆရာတော်က သမ္မောဒနီယ ဩဝါဒကထာမြွက်ကြားချီးမြှင့်တော်မူခြင်း၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သာသနာရေးရာများ လျောက်ထားခြင်း၊ အသင်း၏ အတွင်းရေးမှူး ဦးဇော်မိုးဝင်းက စာတော်ပြန်ပွဲဆိုင်ရာလျှောက်ထားတင်ပြခြင်း ကြပါသည်။ ထို့နောက် အဘိဝိနယာစရိယစာတော်ပြန်ပွဲ အဆင့်အလိုက် အောင်မြင်တော်မူကြသော အရှင်မြတ်များအား အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းပြီး လှည်းကူးမြို့၊ မဟာဝိဟာရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအဘယာလင်္ကာရက အနု မောဒနာနှင့် ရေစက်ချတရား ချီးမြှင့်တော်မူခဲ့ပြီးအခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” အာသီသပတ္တနာ (၃) ကြိမ်ရွတ်ဆိုဆုတောင်း၍ အောင်မြင်စွာ ပြီးမြောက်စေခဲ့ပါသည်။
အောက်ပါ link မှ download ရယူနိုင်ပါသည်
အဘိဝိနယာစရိယစာတော်ပြန်ပွဲ ဆုနှင်းသဘင်အခမ်းအနား (0 downloads )









































