အနႏၲရမ်ဳိးျဖစ္သည့္ နတၳိပစၥည္း  zawgyi

         နတၳိပစၥည္း၌ ႐ုပ္တရား မပါ၀င္ေပ။ “သမနႏၲရနိ႐ုဒၶါ စိတၱေစတသိကာဓမၼာ၊ တဆက္တည္းျဖစ္ၿပီး ပ်က္သြား ေသာ စိတ္ ေစတသိက္ နာမ္တရားတို႔သည္ ပဋဳပၸႏၷာနံံ၊ မိမိတို႔ ေနာက္မွ ျဖစ္ကုန္ေသာ စိတၱ ေစတသိကာနံ ဓမၼာနံ၊ စိတ္ ေစတသိက္ နာမ္တရားတို႔အား နတၳိပစၥေယန ပစၥေယာ မရွိဘဲ ေက်းဇူးျပဳေပ၏”ဟု နတၳိပစၥည္းကို ပစၥယ နိေဒၵသ၌ အက်ဥ္းေဟာေတာ္မူပါသည္။ အနႏၲရမ်ဳိးျဖစ္သည့္ နတၳိပစၥည္းက နာမ္ကို နာမ္ခ်င္း မရွိဘဲ ေက်းဇူး ျပဳပါသည္။
       ၂၄-ပစၥည္းထဲတြင္ အနႏၲရ၊ သမနႏၲရ၊ ဥပနိႆယ၊ အာေသ၀န၊ ကမၼ၊ နတၳိႏွင့္ ၀ိဂတဟူ၍ အနႏၲရ ပစၥည္း ၇-ပါး ရွိပါသည္။
       သဟဇာတက ဥပါဒ္၊ ဌီ၊ ဘင္အားျဖင့္ ထင္ရွားရွိၿပီး ေက်းဇူးျပဳသည့္ အတၳိမ်ဳိးျဖစ္သည္။ အတူတကြ ျဖစ္သည့္ သဟဇာတမ်ဳိး ျဖစ္ပါသည္။ အနႏၲရမ်ဳိးထဲက နတၳိပစၥည္းမွာမူ မရွိေတာ့မွသာ ေက်းဇူးျပဳ ပါသည္။
      နာမ္တရားတစ္ခုက ဥပါဒ္၊ ဌီ၊ ဘင္အားျဖင့္ ျဖစ္ပ်က္သြားၿပီးေနာက္ နာမ္တရားမ်ား အဆက္မျပတ္ ျဖစ္ေနႏိုင္ရန္ ေက်းဇူးျပဳတတ္ေသာေၾကာင့္ နတၳိပစၥည္းသည္ အနႏၲရမ်ဳိးျဖစ္ပါသည္။
      အာေသ၀န၌ နာမ္၊ နာမ္ခ်င္း ေက်းဇူးျပဳပါသည္။ ကမၼ၌ နာနာကၡဏိကကမၼက နာမ္ နာမ္ခ်င္း ေက်းဇူးျပဳ သျဖင့္ အနႏၲရမ်ဳိးထဲပါေသာ္လည္း သဟဇာတကမၼ မရပါ။ မဂ္စိတ္ ၄-ပါးက ဖိုလ္စိတ္ကို ေက်းဇူးျပဳေသာအခါ၌သာ ကမၼပစၥည္းက အနႏၲရ ရပါသည္၊ ကမၼကို အနႏၲရမ်ဳိးထဲတြင္ ထည့္ထားပါ ေသာ္လည္း ကမၼအရ နည္းပါသည္။

အနႏၲရႏွင့္ နတၳိတို႔၏ ထူးျခားခ်က္

       အနႏၲရပစၥည္းႏွင့္ နတၳိပစၥည္းက အေၾကာင္းတရားလည္းတူတူ၊ အက်ဳိးတရားလည္းတူတူ ျဖစ္ၾကပါ ေသာ္လည္း ေက်းဇူးျပဳပံု မတူၾကေပ။ အနႏၲရပစၥည္း၏ ေက်းဇူးျပဳပုံက ေရွးကျဖစ္တဲ့ စိတ္မ်ားႏွင့္ ေနာက္က ျဖစ္သည့္ စိတ္မ်ားအၾကား၀ယ္ ေက်းဇူးျပဳရာတြင္ ဥပါဒ္၊ ဌီ၊ ဘင္ သုံးပါးစံုမရွိေတာ့မွ ေက်းဇူးျပဳပါသည္။ နတၳိက ဥပါဒ္၊ ဌီ၊ ဘင္အားျဖင့္ ျဖစ္ပ်က္သြားၿပီးေနာက္ နာမ္တရားမ်ား အဆက္မျပတ္ ျဖစ္ေနႏိုင္ရန္ ေက်းဇူးျပဳပါသည္။
      တစ္နည္းဆိုရေသာ္ ေရွးေရွးစိတ္ မရွိေတာ့သည့္ေနာက္ ေနာက္ေနာက္စိတ္တို႔ ျဖစ္ခြင့္ရသည္၊ ဤတြင္ ေရွးေရွးစိတ္တို႔ မရွိျခင္းအားျဖင့္ ေနာက္ေနာက္စိတ္အား နတၳိပစၥည္းက ျဖစ္ခြင့္ေပးျခင္းအားျဖင့္ ေက်းဇူးျပဳျခင္းကို ဆိုလိုပါသည္။

 

 

စိတၱနိယာမအစဥ္ Mental process

နတၳိပစၥည္းသည္ အနႏၲရမ်ဳိးျဖစ္သျဖင့္ ၀ီထိအစဥ္ျဖင့္ ေလ့လာသင့္ပါသည္။

ဘ၀င္ – Stream of bhavanga
အတီတဘ၀င္ – Past bhavanga
ဘ၀ဂၤစလန – Vibrational bhavanga
ဘဂၤုပေစၦဒ – Arrest bhavanga
ပဥၥဒြါရာ၀ဇၨန္း – Five-door adverting
စကၡဳ၀ိဉာဏ္ – Eye-consciousness
သမၸဋိစၦိဳန္း – Accepting (Receiving)
သႏၲီရဏ – Investigating
၀ုေ႒ာ – Decision (Determining) ေဇာ- ၇ ႀကိမ္ – mental impulsions/ (Javana)
တဒါ႐ံု -၂ ႀကိမ္ တို႔သည္ ေရွ႕ေနာက္ ဥပါဒ္၊ ဌီ၊ ဘင္ ျဖစ္၊ တည္၊ ပ်က္ အစဥ္အတိုင္း ျဖစ္ၾကသည္ကိုု စိတၱနိယာမဟု ေခၚပါသည္။

 

 

အနန္တရမျိုးဖြစ်သည့် နတ္ထိပစ္စည်း unicode

နတ္ထိပစ္စည်း၌ ရုပ်တရား မပါဝင်ပေ။ “သမနန္တရနိရုဒ္ဓါ စိတ္တစေတသိကာဓမ္မာ၊ တဆက်တည်းဖြစ်ပြီး ပျက်သွား သော စိတ် စေတသိက် နာမ်တရားတို့သည် ပဋုပ္ပန္နာနံံ၊ မိမိတို့ နောက်မှ ဖြစ်ကုန်သော စိတ္တ စေတသိကာနံ ဓမ္မာနံ၊ စိတ် စေတသိက် နာမ်တရားတို့အား နတ္ထိပစ္စယေန ပစ္စယော မရှိဘဲ ကျေးဇူးပြုပေ၏”ဟု နတ္ထိပစ္စည်းကို ပစ္စယ နိဒ္ဒေသ၌ အကျဉ်းဟောတော်မူပါသည်။ အနန္တရမျိုးဖြစ်သည့် နတ္ထိပစ္စည်းက နာမ်ကို နာမ်ချင်း မရှိဘဲ ကျေးဇူး ပြုပါသည်။
၂၄-ပစ္စည်းထဲတွင် အနန္တရ၊ သမနန္တရ၊ ဥပနိဿယ၊ အာသေဝန၊ ကမ္မ၊ နတ္ထိနှင့် ဝိဂတဟူ၍ အနန္တရ ပစ္စည်း ၇-ပါး ရှိပါသည်။
သဟဇာတက ဥပါဒ်၊ ဌီ၊ ဘင်အားဖြင့် ထင်ရှားရှိပြီး ကျေးဇူးပြုသည့် အတ္ထိမျိုးဖြစ်သည်။ အတူတကွ ဖြစ်သည့် သဟဇာတမျိုး ဖြစ်ပါသည်။ အနန္တရမျိုးထဲက နတ္ထိပစ္စည်းမှာမူ မရှိတော့မှသာ ကျေးဇူးပြု ပါသည်။
နာမ်တရားတစ်ခုက ဥပါဒ်၊ ဌီ၊ ဘင်အားဖြင့် ဖြစ်ပျက်သွားပြီးနောက် နာမ်တရားများ အဆက်မပြတ် ဖြစ်နေနိုင်ရန် ကျေးဇူးပြုတတ်သောကြောင့် နတ္ထိပစ္စည်းသည် အနန္တရမျိုးဖြစ်ပါသည်။
အာသေဝန၌ နာမ်၊ နာမ်ချင်း ကျေးဇူးပြုပါသည်။ ကမ္မ၌ နာနာက္ခဏိကကမ္မက နာမ် နာမ်ချင်း ကျေးဇူးပြု သဖြင့် အနန္တရမျိုးထဲပါသော်လည်း သဟဇာတကမ္မ မရပါ။ မဂ်စိတ် ၄-ပါးက ဖိုလ်စိတ်ကို ကျေးဇူးပြုသောအခါ၌သာ ကမ္မပစ္စည်းက အနန္တရ ရပါသည်၊ ကမ္မကို အနန္တရမျိုးထဲတွင် ထည့်ထားပါ သော်လည်း ကမ္မအရ နည်းပါသည်။

 

အနန္တရနှင့် နတ္ထိတို့၏ ထူးခြားချက်

အနန္တရပစ္စည်းနှင့် နတ္ထိပစ္စည်းက အကြောင်းတရားလည်းတူတူ၊ အကျိုးတရားလည်းတူတူ ဖြစ်ကြပါ သော်လည်း ကျေးဇူးပြုပုံ မတူကြပေ။ အနန္တရပစ္စည်း၏ ကျေးဇူးပြုပုံက ရှေးကဖြစ်တဲ့ စိတ်များနှင့် နောက်က ဖြစ်သည့် စိတ်များအကြားဝယ် ကျေးဇူးပြုရာတွင် ဥပါဒ်၊ ဌီ၊ ဘင် သုံးပါးစုံမရှိတော့မှ ကျေးဇူးပြုပါသည်။ နတ္ထိက ဥပါဒ်၊ ဌီ၊ ဘင်အားဖြင့် ဖြစ်ပျက်သွားပြီးနောက် နာမ်တရားများ အဆက်မပြတ် ဖြစ်နေနိုင်ရန် ကျေးဇူးပြုပါသည်။
တစ်နည်းဆိုရသော် ရှေးရှေးစိတ် မရှိတော့သည့်နောက် နောက်နောက်စိတ်တို့ ဖြစ်ခွင့်ရသည်၊ ဤတွင် ရှေးရှေးစိတ်တို့ မရှိခြင်းအားဖြင့် နောက်နောက်စိတ်အား နတ္ထိပစ္စည်းက ဖြစ်ခွင့်ပေးခြင်းအားဖြင့် ကျေးဇူးပြုခြင်းကို ဆိုလိုပါသည်။

 

စိတ္တနိယာမအစဉ် Mental process

နတ္ထိပစ္စည်းသည် အနန္တရမျိုးဖြစ်သဖြင့် ဝီထိအစဉ်ဖြင့် လေ့လာသင့်ပါသည်။

ဘဝင် – Stream of bhavanga
အတီတဘဝင် – Past bhavanga
ဘဝင်္ဂစလန – Vibrational bhavanga
ဘင်္ဂုပစ္ဆေဒ – Arrest bhavanga
ပဉ္စဒွါရာဝဇ္ဇန်း – Five-door adverting
စက္ခုဝိဉာဏ် – Eye-consciousness
သမ္ပဋိစ္ဆိုန်း – Accepting (Receiving)
သန္တီရဏ – Investigating
ဝုဋ္ဌော – Decision (Determining) ဇော- ၇ ကြိမ် – mental impulsions/ (Javana)
တဒါရုံ -၂ ကြိမ် တို့သည် ရှေ့နောက် ဥပါဒ်၊ ဌီ၊ ဘင် ဖြစ်၊ တည်၊ ပျက် အစဉ်အတိုင်း ဖြစ်ကြသည်ကို စိတ္တနိယာမဟု ခေါ်ပါသည်။

 

Loading

By admin

Leave a Reply

Your email address will not be published. Required fields are marked *