ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁- လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ်ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ(မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေဖွင့်လှစ်ထားပါသည်။

၂- ရန်အောင်မြင် တောရ (မြို့တော်ဝန်)ကျောင်းတွင် ဝိပဿနာတရားစခန်း အမှတ်စဉ်(၁၅၈)ကို ဖွင့်လှစ်ပါမည်။ သင်တန်းကာလ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၁၇)ရက်၊ တနင်္ဂနွေနေ့ညနေမှ နိုဝင်ဘာလ (၂၄)ရက်နေ့ တနင်္ဂနွေနေ့ညနေအထိဖြစ်ပါသည်။ သင်တန်းသား စာရင်း ကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

၃-နိုဝင်ဘာလ(၁၇)ရက်နေ့မှ (၂၄)ရက်နေ့ထိ (၇)ရက်တရားစခန်းတွင် အနန္တရမျိုးဖြစ်သည့် အနန္တရ၊ သမနန္တရ၊ အာသေ၀န၊ နာနာက္ခဏိကကမ္မ၊ နတ္တိ၊ ၀ိဂတနှင့် ပဋ္ဌာန်းမာတိကာကို ပို့ချမည်ဟု သိရှိရပါသဖြင့် ကြိုတင်ပူဇော်ထားနိုင်ရန်နှင့် ပဋ္ဌာန်း(၅)ကျမ်းကိုပါ ယူဆောင်လာပါရန် ဆရာလေးတို့က ကုသိုလ်မျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။
ဆရာလေးများ ရန်အောင်မြင်(မြို့တော်ဝန်)ကျောင်း ရုံးခန်း

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: June 2014

ယနေ့ IT ခေတ်၏ ပြောင်းလဲလာမှုနှင့် ကလေးငယ်များအားနှိုင်းယှဉ်ခြင်း

[caption id="attachment_2551" align="alignright" width="300"]Dhamma Schoolီ့ဓမ္မကျောင်းတော်[/caption] ရှေးရှေးအခါကာလမှသည် ယနေ့တိုင် ပညာသင်ကြားလိုသူက သင်ကြားပေးနိုင်မည့် ဆရာထံပါးချဉ်းကပ်ကာ သင်ယူကြရပါသည်။ ဒိသာပါမောက္ခ ဆရာကြီးများရှိရာသို့ မင်းညီမင်းသားများ ပုဏ္ဏားပညာရှိတို့၏ သားများ ပညာသင်ရန်သွားကြကြောင်းနှင့် ဆရာကြီး သည် တပည့်များကို  အဌာရသ ဖယ့်ရှစ်ရပ်သောပညာရပ် သင်ကြားပေးကြောင်း ဗုဒ္ဓဝင်များတွင် ဖတ်ရှုရပါသည်။   ရှေးဂရိနှင့်   ရောမ  ခေတ်တွင်လည်း...
Read More

ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေး ဆောင်ရွက်

   မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးပွဲကို ဇွန်လ(၂၂) ရက်နေ့က  ပြင်ဦးလွင်မြို့ အပ္ပမာဒ တောစခန်းရိပ်သာ၌ ကျင်းပခဲ့ပါသည်။                   အဆိုပါ အစည်းအဝေးပွဲသို့ ဒေါက်တာအရှင်သောပါက၊  သစ္စဝေဒဂူ ဆရာတော်(မန္တလေးမြို့)၊ ရန်ကင်းတောရဆရာတော်  (နေပြည်တော်)၊   ဦးဝိဇယာလင်္ကာရ  (ဓမ္မရံသီ)နှင့်    စာရေးဆရာ ဦးအောင်ကျော်ဆန်း၊   ဗိုလ်ကြီးလှမျိုး  (ဓမ္မရောင်ခြည်)၊   ဓမ္မကျောင်းတော်  နည်းပြဆရာဖြစ်သင်တန်း   ကျောင်းအုပ်ကြီး ဦးမြင့်ဦးနှင့်  တာဝန်ရှိသူများ  တက်ရောက်ခဲ့ပါသည်။                   အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့နှင့်...
Read More

သာသနာတော်ကြီး ရေရှည် တည်တံ့စေရေး အတွက် စုပေါင်းဆောင်ရွက်

                 ပြင်ဦးလွင်မြို့တွင် မြို့နယ်လုံးဆိုင်ရာ တနင်္ဂနွေ  ဓမ္မကျောင်းတော် (၂)နှစ်ပြည့်   နှစ်ပတ်လည် အစည်းအဝေးပွဲကို၊  ပြည်တော်သာကျောင်းတိုက်၌ ကျင်းပခဲ့ပါသည်။                  အခမ်းအနားသို့ ဆရာတော်၊ သံဃာတော် (၃၅)ပါးနှင့် ဖွင့်လှစ်ထားရှိပြီးဖြစ်သည့် ကျောင်း (၂၈) ကျောင်းမှ ဆရာ၊ဆရာမ (၄၈၀)ဦးနှင့် ကျောင်းသားကျောင်းသူ (၆၀၀)ဦး စုစုပေါင်း (၁၀၀၀)   ကျော်တက်ရောက်ခဲ့ပါသည်။               အစည်းအဝေးပွဲ  ကျင်းပရခြင်း၏   ရည်ရွယ်ချက်မှာ  အမျိုးဘာသာ၊  သာသနာ ကာကွယ်   စောင့်ရှောက်  မြှင့်တင်ရန်  တို့များညီညာ  လက်တွဲစို့ ဟူသော  ဆောင်ပုဒ်နှင့်အညီ ဗုဒ္ဓမြတ်စွာ သာသနာ  (၃)ရပ် ...
Read More

မြန်မာနိုင်ငံလုံးဆိုင်ရာ ယဉ်းကျေး လိမ္မာ ပြန့်ပွားရေးအဖွဲ့နှင့် ယဉ်ကျေးမှု စင်တာ ပေါ်ပေါက်ရေးအတွက် ညှိနှိုင်း အစည်းအဝေးပွဲကျင်းပပြီးစီး

                  မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့နှင့် ယဉ်ကျေးမှုစင်တာ   ပေါ်ပေါက်   ရေးအတွက်   ညှိနှိုင်းအစည်းအဝေးပွဲကို  ဇွန်လ  (၁၈)ရက်နေ့ နံနက်  (၈း၀၀)နာရီ  အချိန်၌   အမရပူရမြို့နယ်၊  ဓမ္မရံသီ မိုးကုတ်ဝိပဿနာရိပ်သာ တွင်ကျင်းပခဲ့ပါသည်။                           အစည်းအဝေးပွဲသို့ ဓမ္မရံသီ ဆရာတော်၊ ဟိတဓရ ဆရာတော်(မော်လမြိုင်)၊ သစ္စဝေဒဂူ ဆရာတော် (မန္တလေး ရေတံခွန် တောင်တောရ)၊ ရန်ကင်းတောရ ဆရာတော်  (နေပြည်တော်)နှင့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ် စုစုပေါင်း (၁၆)ပါးတက်ရောက်ကြပါသည်။                မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ...
Read More