ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁- လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ်ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ(မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေဖွင့်လှစ်ထားပါသည်။

၂- ရန်အောင်မြင် တောရ (မြို့တော်ဝန်)ကျောင်းတွင် ဝိပဿနာတရားစခန်း အမှတ်စဉ်(၁၅၈)ကို ဖွင့်လှစ်ပါမည်။ သင်တန်းကာလ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၁၇)ရက်၊ တနင်္ဂနွေနေ့ညနေမှ နိုဝင်ဘာလ (၂၄)ရက်နေ့ တနင်္ဂနွေနေ့ညနေအထိဖြစ်ပါသည်။ သင်တန်းသား စာရင်း ကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

၃-နိုဝင်ဘာလ(၁၇)ရက်နေ့မှ (၂၄)ရက်နေ့ထိ (၇)ရက်တရားစခန်းတွင် အနန္တရမျိုးဖြစ်သည့် အနန္တရ၊ သမနန္တရ၊ အာသေ၀န၊ နာနာက္ခဏိကကမ္မ၊ နတ္တိ၊ ၀ိဂတနှင့် ပဋ္ဌာန်းမာတိကာကို ပို့ချမည်ဟု သိရှိရပါသဖြင့် ကြိုတင်ပူဇော်ထားနိုင်ရန်နှင့် ပဋ္ဌာန်း(၅)ကျမ်းကိုပါ ယူဆောင်လာပါရန် ဆရာလေးတို့က ကုသိုလ်မျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။
ဆရာလေးများ ရန်အောင်မြင်(မြို့တော်ဝန်)ကျောင်း ရုံးခန်း

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: September 2015

ဒုတိယအကြိမ် ဓမ္မကျောင်းတော် နှစ်ပတ်လည်အခမ်းအနား

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်လုံးဆိုင်ရာ ဓမ္မကျောင်းတော်ဖြစ်မြောက်ရေးကော်မတီ၏ ဒုတိယအကြိမ် နှစ်ပတ်လည်အခမ်းအနားကို ေ (34) ေ (31) ေ (18) ေ (7) ေ (6) Read More

အမှတ်စဉ် ( ၁၇ / ၂၀၁၅ ) သင်တန်းဆင်းပွဲ

P1270717P1270718P1270714P1270704ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဆင်းပွဲကို စက်တင်ဘာလ ( ၁၂ ) ရက်နေ့ နေ့လည် ( ၁၂း၃၀ ) နာရီတွင် ရန်ကင်းတောရ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤသင်တန်းဆင်းပွဲကို မြတ်စွားဘုရားရှင်အား “နမောတဿ မဟာပဏာမ...
Read More

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့ (ဗဟိုခွဲ-၁) ၌ ဓမ္မကျောင်းတော်များ ရေရှည်တည်တံ့ ပြန့်ပွားရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့(ဗဟိုခွဲ-၁) နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာတွင် စက်တင်ဘာလ (၈) ရက်နေ့ နေ့လည် (၀၁း၀၀) နာရီအချိန်၌ ဓမ္မကျောင်းတော် ရေရှည်တည်တံ့ ပြန့်ပွားရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ အတွင်းရေးမှူး(၁) ဆရာတော်၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာနှင့် ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန၏ သြဝါဒါစရိယ နေပြည်တော် ရန်ကင်းတောရဆရာတော်နှင့် သံဃာတော်များ နေပြည်တော်အတွင်းရှိ မြို့နယ်များမှ...
Read More

အမှတ်စဉ်( ၁၇ / ၂၀၁၅ ) သင်တန်း ဖွင့်လှစ်ခြင်း

၁ (1) ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် ( ၁၇ / ၂၀၁၅ ) ကို စက်တင်ဘာလ (၅)ရက်နေ့မှ (၁၂)ရက်နေ့အထိ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၌ ဖွင့်လှစ်ပို့ချလျှက်ရှိပါသည်။ ဤသင်တန်းသို့ နေပြည်တော်ကောင်စီနယ်မြေမှ ( ၇ ) ဦး၊ ရန်ကုန်းတိုင်းဒေသကြီးမှ ( ၄ ) ဦး၊မန္တလေးတိုင်းဒေသကြီးမှ ( ၉ ) ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ( ၁၄ ) ဦးနှင့် မကွေးတိုင်းဒေသကြီးမှ (၄၈) ဦး စုစုပေါင်း (...
Read More