ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁- လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ်ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ(မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေဖွင့်လှစ်ထားပါသည်။

၂- ရန်အောင်မြင် တောရ (မြို့တော်ဝန်)ကျောင်းတွင် ဝိပဿနာတရားစခန်း အမှတ်စဉ်(၁၅၈)ကို ဖွင့်လှစ်ပါမည်။ သင်တန်းကာလ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၁၇)ရက်၊ တနင်္ဂနွေနေ့ညနေမှ နိုဝင်ဘာလ (၂၄)ရက်နေ့ တနင်္ဂနွေနေ့ညနေအထိဖြစ်ပါသည်။ သင်တန်းသား စာရင်း ကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

၃-နိုဝင်ဘာလ(၁၇)ရက်နေ့မှ (၂၄)ရက်နေ့ထိ (၇)ရက်တရားစခန်းတွင် အနန္တရမျိုးဖြစ်သည့် အနန္တရ၊ သမနန္တရ၊ အာသေ၀န၊ နာနာက္ခဏိကကမ္မ၊ နတ္တိ၊ ၀ိဂတနှင့် ပဋ္ဌာန်းမာတိကာကို ပို့ချမည်ဟု သိရှိရပါသဖြင့် ကြိုတင်ပူဇော်ထားနိုင်ရန်နှင့် ပဋ္ဌာန်း(၅)ကျမ်းကိုပါ ယူဆောင်လာပါရန် ဆရာလေးတို့က ကုသိုလ်မျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။
ဆရာလေးများ ရန်အောင်မြင်(မြို့တော်ဝန်)ကျောင်း ရုံးခန်း

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: October 2016

နေပြည်တော် ယဉ်ကျေးလိမ္မာ စင်တာ၊ ဓမ္မကျောင်းတော် ၂၀၁၇ ပြက္ခဒိန်

နေပြည်တော် ယဉ်ကျေးလိမ္မာ စင်တာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေး ဗဟို အဖွဲ့ခွဲ (၁) [caption id="attachment_5730" align="aligncenter" width="225"]2107 Calendar Dhamma Training Center[/caption] Jan + Feb...
Read More

(၃၀.၁၀.၂၀၁၆) တနင်္ဂနွေနေ့ ၏ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်သင်တန်း

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ရန်ကင်းတောရပရိယတ်ပဋိပတ် ဌာနတွင် ရန်ကင်းတောရ ဆရာတော်မှ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ် သင်တန်းကို ယနေ့ တနင်္ဂနွေနေ့ နေ့လည် (၁း၀၀) နာရီအချိန်တွင် သင်ကြား ပို့ချပေးပါသည်။ ၀ိသုဒ္ဓိမဂ် ဖြစ်ပေါ်လာရခြင်း၏ ပထမဦး ဆုံးမေးခွန်း ဖြစ်သော နတ်သားမှ မြတ်စွာဘုရားအား  မေးလျှောက်ထားခြင်းနှင့် မြတ်စွာဘုရားမှ ပြန်လည် ဖြေကြားခြင်း ဂါထာတော်ဖြင့် သင်တန်းကိုစတင်ဖွင့်လှစ်ခဲ့ပါသည်။ “အန္တောဇဋာဗဟိဇဋာ၊ ဇဋာယဇဋိတာပဇာ တံတံဂေါတမပုစ္ဆာမိ၊ ကောဣမံ ၀ိဇဋယေ ဇဋံ သီလေပတိဋ္ဌာယနရောသပညော၊ စိတ္တံပညဉ္စ ဘာဝယံ အာတာပီနိပကောဘိက္ခု၊ သောဣမံ ၀ိဇဋယေ ဇဋံ” ယနေ့ ရန်ကင်းတောရ ဆရာတော်မှ သီလပျက်စီးခြင်း၏အပြစ်များကို အကျယ်တ၀င့် သင်ကြားပေးတော် မူခဲ့ပါသည်။ ယဉ်ကျေးသောသူများသည် ကိုယ်ကျင့်သိက္ခာရှိသူကို တန်ဘိုးထား တတ်ကြပြီး လေးစားတတ်ကြပါသည်။ ကိုယ်ကကိုယ်ကျင့်တရား ရှိလျှင် သူတစ်ပါးကိုလည်း အထောက်အကူပြုစေပါသည်။ အကြောင်းကြောင်း ကြောင့် မိမိသာလျှင် ကိုယ်ကျင့်သိက္ခာပျက်မည် ဖြစ်သော်လည်း [caption id="attachment_5723" align="aligncenter"...
Read More

ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပပြီးစီး

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေး ဗဟိုအဖွဲ့ ခွဲ(၁) နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၏ ဦးဆောင်မှုဖြင့် စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလ(၃)ရက် စနေနေ့ နှင့် (၄)ရက် တနင်္ဂနွေနေ့ တို့တွင် ကျင်းပမည်ဖြစ်ပါသည်။ အစည်းအဝေးကြီး ကျင်းပနိုင်ရန်အတွက် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ (၂၉) ရက်နေ့ ညနေတွင် နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ အစည်းအဝေးခမ်းမ၌ ကျင်းပခဲ့ပါသည်။ [caption id="attachment_5717" align="aligncenter" width="300"]အစည်းအဝေး Dhamma Training Center[/caption] IMG_1713 Read More