ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁- လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ်ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ(မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေဖွင့်လှစ်ထားပါသည်။

၂- ရန်အောင်မြင် တောရ (မြို့တော်ဝန်)ကျောင်းတွင် ဝိပဿနာတရားစခန်း အမှတ်စဉ်(၁၅၈)ကို ဖွင့်လှစ်ပါမည်။ သင်တန်းကာလ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၁၇)ရက်၊ တနင်္ဂနွေနေ့ညနေမှ နိုဝင်ဘာလ (၂၄)ရက်နေ့ တနင်္ဂနွေနေ့ညနေအထိဖြစ်ပါသည်။ သင်တန်းသား စာရင်း ကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

၃-နိုဝင်ဘာလ(၁၇)ရက်နေ့မှ (၂၄)ရက်နေ့ထိ (၇)ရက်တရားစခန်းတွင် အနန္တရမျိုးဖြစ်သည့် အနန္တရ၊ သမနန္တရ၊ အာသေ၀န၊ နာနာက္ခဏိကကမ္မ၊ နတ္တိ၊ ၀ိဂတနှင့် ပဋ္ဌာန်းမာတိကာကို ပို့ချမည်ဟု သိရှိရပါသဖြင့် ကြိုတင်ပူဇော်ထားနိုင်ရန်နှင့် ပဋ္ဌာန်း(၅)ကျမ်းကိုပါ ယူဆောင်လာပါရန် ဆရာလေးတို့က ကုသိုလ်မျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။
ဆရာလေးများ ရန်အောင်မြင်(မြို့တော်ဝန်)ကျောင်း ရုံးခန်း

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: July 2018

ဝါတွင်းဆွမ်းလှူ

မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိနယ၀ံသပါလအသင်းတည်ရာ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၈ ခုနှစ် ဇူလိုင်လ(၃၁) ရက်နေ့ နံနက်(၇)နာရီတွင် ကျောင်းရှိ ဆရာလေးများ၊ ဝေယျာဝစ္စ ကျောင်းသား၊ ကျောင်းသူများ စုပေါင်းကာ ဆွမ်းဘောဇဉ်များနှင့် အပ်စပ်ရာလှူဖွယ်ပစ္စည်းများကို လောင်းလှူကြပါသည်။ [caption id="attachment_8550" align="aligncenter" width="900"]ဆွမ်းလောင်းလှူ Dhamma Training Center[/caption] [caption id="attachment_8549" align="aligncenter" width="900"]ဆွမ်းလောင်းလှူ Dhamma Training Center[/caption] [caption id="attachment_8548" align="aligncenter" width="900"]ဆွမ်းလောင်းလှူ Read More

ဆရာမဖြူဖြူမြင့်၏ ရင်တွင်းစကားသံ

ဆရာမဒေါ်ဖြူဖြူမြင့်၏ ရင်တွင်းစကားသံ ရန်ကင်းတောရ ဆရာတော်ဘုရား၏ အဆုံးအမများကို လိုက်နာကျင့်သုံးနေပါတယ်။ ဆရာတော်ဘုရား တပည့်တော် ပညာရေးဌာနမှာ မူလတန်းပြတာဝန်ဖြင့် ထမ်းဆောင်နေပါတယ် ဘုရား။ အလုပ်ခွင်ထဲမှာလည်း ရန်ကင်းတောရမှ ရရှိခဲ့သော အသိဥာဏ်၊ အဆုံးအမတွေဟာ တပည့်တော် အတွက်တင်သာမကဘဲ ကျောင်းရှိ ကလေးများအားလုံးအတွက်ပါ သက်ရောက်မှု ရှိပါတယ်ဘုရား။ တပည့်တော်တို့ကျောင်းရဲ့ အစဉ်အလာအရ ကျောင်းစဖွင့်ရက် တနလာင်္နေ့နဲ့ သောကြာနေ့တွေမှာဆို Assembly ကျောင်းစုဝေးပွဲမှာ ဆရာတစ်ယောက်က တာဝန်နဲ့အလှည့်ကျ ကလေးတွေကို ဆုံးမသြ၀ါဒ ပေးရပါတယ်ဘုရား။ အဲ့ဒီလို သြ၀ါဒပေးတဲ့အခါမှာ တပည့်တော်က ရန်ကင်းတောရမှ ရရှိလိုက်တဲ့ဆုံးမစကားလေးတွေနဲ့ ကလေးတွေကို တစ်ဆင့် ဆုံးမခွင့်ရပါတယ်ဘုရား။ ကလေးတွေ နားလည်သဘောပေါက်လွယ်ပြီး ထိုသြ၀ါဒအတိုင်းလည်း ကျင့်ကြံနေကြပါတယ်ဘုရား။ အလေ့အကျင့်ကောင်းဆိုတာ အိမ်သာရေထည့်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ သောက်ရေအိုး ရေဖြည့်ခြင်း၊ အမှိုက်ပုံးသွန်ခြင်း စသည်ဖြင့်ထားရှိရမည့် စိတ်ထားလေးများကို ပြောကြားရာမှာလည်း ထိရောက်ပါတယ်ဘုရား။ ကလေးတွေက ရွာက...
Read More

ဝါဆိုသင်္ကန်းဆက်ကပ်ပွဲ

မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိနယ၀ံသပါလအသင်းတည်ရာ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၀ါဆိုသင်္ကန်းဆက်ကပ်ပွဲကို ၀ါဆိုလပြည့်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ပါသည်။ [caption id="attachment_8534" align="aligncenter" width="900"] hdr[/caption]    ...
Read More

ဝိပဿနာတရားစခန်း အမှတ်စဉ် (၁၄၀ )

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ဝိပဿနာတရားစခန်း အမှတ်စဉ် (၁၄၀ )ကို ဇူလိုင်လ (၁၉)ရက်နေ့မှ (၂၉)ရက်နေ့အထိ ဖွင့်လှစ်ထားပါသည်။ ယခုအပတ် ယောဂီဟောင်းတရားစခန်းတွင်  ရန်ကုန်မြို့မှ (၄)ဦး၊ ပျဉ်းမနားမြို့မှ (၁၅)ဦး၊ လယ်ဝေးမြို့မှ (၁၀)ဦး၊ ရေဆင်းမြို့မှ (၂)ဦး၊ ပြင်ဦးလွင်မြို့မှ (၁)ဦး၊ မော်လမြိုင်မြို့မှ (၁)ဦး ၀ါးခယ်မမြို့မှ (၁)ဦးနှင့် အေလာမြို့မှ (၁)ဦး စုစုပေါင်း အချိန်ပြည့် ယောဂီ (၃၀)ဦးနှင့် အချိန်ပိုင်းယောဂီ (၅)ဦးတို့ တရားအားထုတ်လျက် ရှိပါသည်။ Read More