ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁- လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ်ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ(မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေဖွင့်လှစ်ထားပါသည်။

၂- ရန်အောင်မြင် တောရ (မြို့တော်ဝန်)ကျောင်းတွင် ဝိပဿနာတရားစခန်း အမှတ်စဉ်(၁၅၈)ကို ဖွင့်လှစ်ပါမည်။ သင်တန်းကာလ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၁၇)ရက်၊ တနင်္ဂနွေနေ့ညနေမှ နိုဝင်ဘာလ (၂၄)ရက်နေ့ တနင်္ဂနွေနေ့ညနေအထိဖြစ်ပါသည်။ သင်တန်းသား စာရင်း ကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

၃-နိုဝင်ဘာလ(၁၇)ရက်နေ့မှ (၂၄)ရက်နေ့ထိ (၇)ရက်တရားစခန်းတွင် အနန္တရမျိုးဖြစ်သည့် အနန္တရ၊ သမနန္တရ၊ အာသေ၀န၊ နာနာက္ခဏိကကမ္မ၊ နတ္တိ၊ ၀ိဂတနှင့် ပဋ္ဌာန်းမာတိကာကို ပို့ချမည်ဟု သိရှိရပါသဖြင့် ကြိုတင်ပူဇော်ထားနိုင်ရန်နှင့် ပဋ္ဌာန်း(၅)ကျမ်းကိုပါ ယူဆောင်လာပါရန် ဆရာလေးတို့က ကုသိုလ်မျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။
ဆရာလေးများ ရန်အောင်မြင်(မြို့တော်ဝန်)ကျောင်း ရုံးခန်း

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: September 2019

ကုသလာ ဟေတူ ( kusalā hetū )

ကုသလာ ဟေတူ ( kusalā hetū)   ( က ) ကုသိုလ်ရေသောက်မြစ်ဖြစ်သည့် အလောဘ၊ အဒေါသ၊ အမောဟတွင် စွန့်လွှတ်နိုင်စွမ်းသည့် အလောဘ ရေသောက်မြစ်၊ ခွင့်လွှတ်နိုင်စွမ်းသည့် အဒေါသ မေတ္တာရေသောက်မြစ်နှင့် သုံးသပ် ဆုံးဖြတ်နိုင်စွမ်းသည့် အမောဟရေသောက်မြစ် တို့က အမြတ်စား အကောင်းစား ရေသောက်မြစ်များ ဖြစ်၏။ ( ခ ) မြေကြီးတူတူ ရေသောက်မြစ်က စုပ်ယူပုံ မတူညီသောကြောင့် ချို ချဉ် ခါး ဖန်...
Read More

အကုသလာ ဟေတူ ( akusalā hetū )

အကုသလာ ဟေတူ ( akusalā hetū ) (ဆ) လောဘ၊ ဒေါသနှင့် မောဟတို့သည်အကုသိုလ်ရေသောက်မြစ်များ ဖြစ်၏။ လောဘနှင့်စပ်လျဉ်း၍လည်း {{ဗဟုကေ ပစ္စယေ ဒေန္တော၊ တယောပေတေန ပူရယေ}}ဟု စာပေ၌ လာရှိပါသည်၊ ပေးပေးသမျှ၊ ပံ့ပိုးသမျှ မည်မျှကြီးကျယ် စေကာမူ လောဘက မရပ်တန့်ပါ။ မီးပုံကြီးကို လောင်စာထည့်လေ လောင်လေ ဖြစ်သကဲ့သို့ လောဘကြီးသူကလည်း အဘယ်မျှ ရရှိနေစေကာမူ အားရကျေနပ် တင်းတိမ် ရောင့်ရဲသည်ဟူ၍ မရှိပေ။ (ဇ)  သတ္တ၀ါတစ်ဦး၏ သန္တာန်၌ ဒေါသဖြစ်လာသောအခါ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိနိုင်စွမ်း မရှိတော့ပေ။ သူ၏စိတ်တွင်...
Read More

အဗျာကတာ ဟေတု (abyākatā hetū )

အဗျာကတတရား Zawgyi ၄၀၃။ အဗျာကတော ဓမ္မော အဗျာကတဿ        ဓမ္မဿ          ဟေတုပစ္စယေန ပစ္စယော။               (ဗျာ၊ ဗျာ-၁) အဗျာကတတရားသည် အဗျာကတတရားအား ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။   (ဈ-၁)       အဘိဓမ္မာ၌ စိတ်စုစုပေါင်း ၈၉-ပါး၊ စေတသိက် ၅၂-ပါး ၊ ရုပ် ၂၈-ပါးနှင့် နိဗ္ဗာန်တို့သည် ပရမတ္ထတရား လေးပါးရှိ၏။ (ဈ-၂)       စိတ် ၈၉-ပါးထဲက ကုသိုလ်စိတ်=၂၁-ပါးနှင့် အကုသိုလ်စိတ် ၁၂-ပါးကို...
Read More