ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁- လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ်ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ(မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေဖွင့်လှစ်ထားပါသည်။

၂- ရန်အောင်မြင် တောရ (မြို့တော်ဝန်)ကျောင်းတွင် ဝိပဿနာတရားစခန်း အမှတ်စဉ်(၁၅၈)ကို ဖွင့်လှစ်ပါမည်။ သင်တန်းကာလ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၁၇)ရက်၊ တနင်္ဂနွေနေ့ညနေမှ နိုဝင်ဘာလ (၂၄)ရက်နေ့ တနင်္ဂနွေနေ့ညနေအထိဖြစ်ပါသည်။ သင်တန်းသား စာရင်း ကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

၃-နိုဝင်ဘာလ(၁၇)ရက်နေ့မှ (၂၄)ရက်နေ့ထိ (၇)ရက်တရားစခန်းတွင် အနန္တရမျိုးဖြစ်သည့် အနန္တရ၊ သမနန္တရ၊ အာသေ၀န၊ နာနာက္ခဏိကကမ္မ၊ နတ္တိ၊ ၀ိဂတနှင့် ပဋ္ဌာန်းမာတိကာကို ပို့ချမည်ဟု သိရှိရပါသဖြင့် ကြိုတင်ပူဇော်ထားနိုင်ရန်နှင့် ပဋ္ဌာန်း(၅)ကျမ်းကိုပါ ယူဆောင်လာပါရန် ဆရာလေးတို့က ကုသိုလ်မျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။
ဆရာလေးများ ရန်အောင်မြင်(မြို့တော်ဝန်)ကျောင်း ရုံးခန်း

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Category Archives: General

၎- အနန္တရပစ္စယော Anantara Paccaya (Proximity condition) (2 of 7) ပဥှာဝါရပါဠိ၊ မြန်မာပြန်

၎-အနန္တရပစ္စယော Anantara Paccaya   (Proximity condition) (2 of 7)  

 ပဥှာဝါရပါဠိ၊ မြန်မာပြန် (2 of 7)

၄၁၇။    ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။ (ကု၊ ကု-၁) ကုသိုလ်တရားသည် ကုသိုလ်တရားအား အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။   ပုရိမာ ပုရိမာ ကုသလာ ခန္ဓာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ခန္ဓာနံ...
Read More

၎- အနန္တရပစ္စယော Anantara Paccaya (Proximity condition) (3 of 7) ၀ီထိစိတ်နှင့် ဘ၀င်စိတ်

၎- အနန္တရပစ္စယော Anantara Paccaya (Proximity condition) (3 of 7) zawgyi

ဝီထိစိတ်နှင့် ဘ၀င်စိတ်

  အနန္တရ (က-၁) အနန္တရ (န+အန္တရ) အန္တရ = အကြား၊ ကွက်လပ်။ န = မရှိ မည်သည့် စိတ်မှ အကြား၌ မခြားသဖြင့် အခြားမရှိဟု ခေါ်သည်။ Read More

၎- အနန္တရပစ္စယော Anantara Paccaya (Proximity condition) (4 of 7)

၎- အနန္တရပစ္စယော  Anantara Paccaya (Proximity condition) (4 of 7)

စိတ်တစ်ခု၏ သက်တမ်း၊ ဘ၀င်စိတ်နှင့်ဝီထိစိတ်အစဉ် zawgyi

  စိတ်တစ်ခု၏ သက်တမ်း (ခ-၁)   စိတ်တစ်ခု၏ အသက်မှာ ဥပါဒ်၊ ဌီ၊ ဘင် (ဖြစ်တည်ပျက်)ဟူသော ခဏငယ်သုံးချက်ရှိသည်။ ခဏငယ်သုံးချက်ကို စိတ္တခဏ ၁-ချက်ဟု ခေါ်သည်။ ၁-၀ီထိ၌ စိတ္တခဏ ၁၇-ချက်ရှိသည်။...
Read More