ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁- လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ်ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ(မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေဖွင့်လှစ်ထားပါသည်။

၂- ရန်အောင်မြင် တောရ (မြို့တော်ဝန်)ကျောင်းတွင် ဝိပဿနာတရားစခန်း အမှတ်စဉ်(၁၅၈)ကို ဖွင့်လှစ်ပါမည်။ သင်တန်းကာလ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၁၇)ရက်၊ တနင်္ဂနွေနေ့ညနေမှ နိုဝင်ဘာလ (၂၄)ရက်နေ့ တနင်္ဂနွေနေ့ညနေအထိဖြစ်ပါသည်။ သင်တန်းသား စာရင်း ကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

၃-နိုဝင်ဘာလ(၁၇)ရက်နေ့မှ (၂၄)ရက်နေ့ထိ (၇)ရက်တရားစခန်းတွင် အနန္တရမျိုးဖြစ်သည့် အနန္တရ၊ သမနန္တရ၊ အာသေ၀န၊ နာနာက္ခဏိကကမ္မ၊ နတ္တိ၊ ၀ိကတနှင့် ပဋ္ဌာန်းမာတိကာကို ပို့ချမည်ဟု သိရှိရပါသဖြင့် ကြိုတင်ပူဇော်ထားနိုင်ရန်နှင့် ပဋ္ဌာန်း(၅)ကျမ်းကိုပါ ယူဆောင်လာပါရန် ဆရာလေးတို့က ကုသိုလ်မျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။
ဆရာလေးများ ရန်အောင်မြင်(မြို့တော်ဝန်)ကျောင်း ရုံးခန်း

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Dhamma Resource

Articles

  • အဘိဝိနယာစရိယစာမေးပွဲအတွက် သန့်ရှင်းရေးလုပ်ခြင်း
    ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ပြုလုပ်မည့် အဘိဝိနယာစရိယ(ပထမဆင့်)စာမေးပွဲအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးများ ကြိုတင်ပြင်ဆင်နေပါပြီ။ www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။...
    Read more  |  Comments 0
  • ၂၀၁၈ခုနှစ် ရှင်သာမဏေနှင့်သီလရှင်သင်တန်း
    နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန၏ ၂၀၁၈ခုနှစ် ရှင်သာမဏေနှင့် သီလရှင်ယဉ်ကျေးလိမ္မာသင်တန်းမှ သီလရှင်ဆရာလေးများ၏ ကြည်ညိုဖွယ်ပုံရိပ်များ www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။  ...
    Read more  |  Comments 0

Books

  • ရဟန်းတို့…ဤသာသနာတော်၌ အားထုတ်နေသော ရဟန်းသည် တပ်မက်မှုနှင့်တကွဖြစ်သော စိတ်ကိုမူလည်း တပ်မက်မှုနှင့်တကွဖြစ်သော စိတ်ဟူ၍ သိ၏။ တပ်မက်မှု ကင်းသောစိတ်ကိုမူလည်း တပ်မက်မှုကင်းသောစိတ်ဟူ၍ သိ၏။  ...

    Read more
  •         နေမင်းသည် နေ့အခါ၌သာ တောက်ပ၏။                           လမင်းသည် ညအခါ၌သာ တောက်ပ၏။        ရှင်ဘုရင်သည် မင်းမြှောက်တန်ဆာ        ဆင်ယင်ထားမှသာ တောက်ပ၏။       ရဟန္တာသည် ဈာန်ဝင်စားနေမှသာ တောက်ပ၏။       မြတ်စွာဘုရားရှင်သည်ကား       နေ့ ရောညပါ...

    Read more
  •   အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ် အိုးတွင်နှိပ်ခတ်၊ တံဆိပ်မှတ်ကား မပြတ်မစဲ၊ အိုးပင်ကွဲလည်း အမြဲတစေ၊ တည်ရှိနေသို့ ထွေထွေသွေးသား၊ ကလေးများ၌ ဘုရားတံဆိပ်၊ ဘာသာစိတ်ကို ခတ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင် ဗုဒ္ဓ၀ါဒီ၊ စွဲ၍တည်မည် ကိုယ်စီ ခတ်နှိပ်စေသတည်း အမရပူရမြို့၊ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး Download Now...

    Read more
  •   အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ် အိုးတွင်နှိပ်ခတ်၊ တံဆိပ်မှတ်ကား မပြတ်မစဲ၊ အိုးပင်ကွဲလည်း အမြဲတစေ၊ တည်ရှိနေသို့ ထွေထွေသွေးသား၊ ကလေးများ၌ ဘုရားတံဆိပ်၊ ဘာသာစိတ်ကို ခတ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင် ဗုဒ္ဓ၀ါဒီ၊ စွဲ၍တည်မည် ကိုယ်စီ ခတ်နှိပ်စေသတည်း အမရပူရမြို့၊ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး Download Now...

    Read more

Training