၁၉ ရက်နေ့ မနက်ပိုင်းတွင် သံဃာတော်များ အရုဏ်ဆွမ်းဘုဉ်းပြီးချိန် သီရိမင်္ဂလာ သာသနာ့ဗိမာန်တော်၌ ဒကာ၊ ဒကာမများက ခင်းကျင်း လှူဒါန်းထား ကြသော “စာအုပ်နိဗ္ဗာန်ဈေး”သို့ ဆရာတော်ကြီးများ၊ စာစစ်ဆရာတော်များနှင့် စာဖြေသံဃာတော်များက လာရောက်အလှူခံတော်မူကြပါသည်။ ထို့နောက် နံနက် ၉း၀၀ နာရီအချိန်တွင် ဆရာတော်ဦးဇောတိသာရက “ဝိနည်းတော်နှင့်အညီ ခေတ်သစ်သာသနာပြုခြင်း”သင်တန်းကို ပို့ချတော်မူခဲ့ပါသည်။ ဆက်လက်ပြီး နေ့လည် ၁ နာရီမှ ညနေ ၄:၀၀ နာအထိသံဃာတော်များ ဘုရားဖူးအစီအစဉ်အဖြစ် ဗုဒ္ဓဂါယာ၊ ဥပ္ပါတ္တသန္တိဘုရားတို့အား သွားရောက် ဖူးမြော် ကြပါသည်။

အောက်ပါ link မှ download ရယူနိုင်ပါသည်

အဘိဝိနယာစရိယစာတော်ပြန်ပွဲ - ဇွန်လ ၁၉ ရက်နေ့ တစ်နေ့တာပုံရိပ်များ (1 download )